ယဉ်ကျေးမှုများ ပေါင်းစည်းနေထိုင်ခြင်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ယဉ်ကျေးမှုများ ပေါင်းစည်းနေထိုင်ခြင်း ဟူသည် သတ်မှတ်ထားသော နေရာတစ်ခု အများအားဖြင့် အဖွဲ့အစည်းအဆင့် ဥပမာ- ကျောင်းများ၊ စီးပွားရေးလုပ်ငန်းများ၊ အိမ်နီးနားဝန်းကျင်များ၊ မြို့များ သို့မဟုတ် နိုင်ငံများ တွင် ဒေသတစ်ခုတွင်း မွေးဖွား၊ နေထိုင်၊ သေဆုံးခြင်းတို့အား လေ့လာသောပြင်ဆင်မှု ကို အသုံးချ၍ များစွာသော ယဉ်ကျေးမှုများ အား တန်ဖိုးထားခြင်း၊ လက်ခံခြင်း သို့မဟုတ် တိုးမြှင့်ခြင်း ဖြစ်သည်။ ထိုအမြင်တွင် ယဉ်ကျေးမှုများ ပေါင်းစည်းနေထိုင်ခြင်းဟူသည် အနီးစပ်ဆုံးအားဖြင့် ကွဲပြားမှု အားလေးစားသမှုပြုရန်ဖြစ်သည်။

ဗျူဟာနှစ်မျိုးပေါ်ပေါက်လာပုံ[ပြင်ဆင်ရန်]

နိုင်ငံရေးအခြေအနေတစ်ခုတွင် ၎င်းမှာ ကွဲပြားသော လူမျိုးနှင့် ကိုးကွယ်မှု အုပ်စုများအား မည်သည့် သိသာသော လူမျိုးဆိုင်ရာ၊ ကိုးကွယ်မှုဆိုင်ရာ နှင့်/သို့မဟုတ် ယဉ်ကျေးမှုအသိုင်းအဝန်းဆိုင်ရာ တန်ဖိုးများအား ပင်မတန်ဖိုးများကဲ့သို့ တိုးမြှင့်ခြင်းမပြုဘဲ တိုးချဲ့လာသောတရားမျှတသည့် အခြေအနေအားထောက်ခံအားပေးမှုကို လေးနက်စေရန်ဖြစ်လာသည်။ ယဉ်ကျေးမှုအရာဝတ္ထုမျိုးစုံဖွဲ့စပ်၍ သရုပ်ဖော်ထားသောပုံ အဖြစ် ယဉ်ကျေးမှုများ ပေါင်းစည်း နေထိုင်ခြင်းအား စိတ်တွင်လက်ခံယုံကြည်မှုဝါဒီ နှင့် လူမှုရေးရာပေါင်းစည်းခြင်း တို့ သဘောတရားများနှင့် နှိှုင်းယှဉ် လေ့ရှိပြီး မကြာခဏ “ဟင်းလေးအိုးကြီး” ထက် “ဆယ့်နှစ်မျိုးချင်းသုတ်” အဖြစ် ဖော်ပြခြင်းခံရသည်။ ခေတ်ပြိုင်လူ့ပတ်ဝန်းကျင်တွင် ယဉ်ကျေးမှုများပေါင်းစည်းနေထိုင်ခြင်းအား နားလည်မှု အမျိုးမျိုးကွဲပြားမှုများသည် ကွဲပြားပြီး ရှေ့နောက်ညီဟန်မတူသော ဗျူဟာနှစ်ခု ပေါ်ပေါက်လာသည် -

  • ပထမတစ်ခုမှာ ကွဲပြားသော ယဉ်ကျေးမှုများအကြား ဆက်နွယ်မှု နှင့် ဆက်သွယ်မှုတို့ပေါ်တွင် အလေးထား သည်။ ယဉ်ကျေးမှုများ ဆက်နွယ်ခြင်းသည် ယဉ်ကျေးမှုများပေါင်းစည်းနေထိုင်ခြင်းအား ဖန်တီးနိုင်ရန် ယဉ်ကျေးမှု ကွာဟချက်များကို ဆက်သွယ်၊ ဆက်နွယ်မှုပြုရန်အတွက် အခွင့်အလမ်းများစွာ ပေးသည်။
  • ဒုတိယတစ်ခုမှာ ကွဲပြားမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ သီးသန့်ဆန်ခြင်းအပေါ်တွင် အထူးပြုသည်။ ယဉ်ကျေးမှု ဆိုင်ရာ သီးသန့်ဆန်ခြင်းသည် နိုင်ငံ သို့မဟုတ် နယ်မြေတစ်ခု၏ ဒေသတွင်းဆိုင်ရာ ယဉ်ကျေးမှု၏ ထူးခြားချက်ကို ကာကွယ်နိုင်ပြီး ကမ္ဘာ့ယဉ်ကျေးမှုဆိုင်ရာ ကွဲပြားမှုတို့လည်း ပါဝင်နိုင်သည်။ ၁၉၉၃ တွင် ပြင်သစ်မှ အခွန်နှင့် ကုန်သွယ်မှုတို့ဆိုင်ရာ အထွေထွေသဘောတူညီမှု (GATT) ညှိနှိုင်းဆွေးနွေးမှုများတွင် မိတ်ဆက်မှုပြုခဲ့သော “ယဉ်ကျေးမှုခြွင်းချက်” မူဝါဒသည် တစ်ဦး၏ ကိုယ်ပိုင်ယဉ်ကျေးမှု လုံခြုံရေး ကိုကာကွယ်ခြင်း အတိအကျ ဖြစ်သော ဥပမာ ဖြစ်သည်။

ထိုသို့သော ယဉ်ကျေးမှုများပေါင်းစည်းနေထိုင်ခြင်းအပေါ် ကွဲပြားသောနားလည်မှုများသည် တစ်ဦးနှင့်တစ်ဦး လုံးဝ ကွဲပြားခြင်း မဟုတ်ပေ။ ထို့အပြင် ဆန့်ကျင်ဘက်ဖြစ်နေသော နားလည်မှုများ နှင့် နည်းဗျူဟာများမှာ ယဉ်ကျေးမှု တစ်ခုခြင်းစီ နှင့် ယင်းတို့ကြား ဆက်နွယ်မှုများ၏ သဘောတရားများအား သရုပ်ထင်စေသော ယဉ်ကျေးမှုဆိုင်ရာ ဖြစ်ရပ်သစ်များ ထုတ်ဖော်နိုင်ရန် တစ်ခါတရံတွင် တစ်ခု၏ လုပ်ဆောင်မှုတွင် တစ်ခုက ဖြည့်စွက်နေတတ်သည်။ ယဉ်ကျေးမှုများပေါင်းစည်းနေထိုင်ခြင်းအား ထိုအစွန်းနှစ်ဘက်အကြား ယဉ်ကျေးမှုဆက်နွယ်မှု၊ ယဉ်ကျေးမှုသီးသန့် ဆန်မှု နှင့် ဖြစ်ရပ်များအား ပြက်ပြက်ထင်ထင်မြင်သာသည့် ရုပ်လုံးကြွသော နားလည်မှုတစ်ခုပေးရန် လူတို့ ဆောင်ရွက်နိုင်မှု ကျော်လွန်သောနည်းလမ်းများ အနေနှင့် ဖွင့်ဆိုနိုင်သည်။

ယဉ်ကျေးမှုများ ပေါင်းစည်းနေထိုင်ခြင်းအား ထောက်ခံအားပေးခြင်း[ပြင်ဆင်ရန်]

ယဉ်ကျေးမှုများပေါင်းစည်းနေထိုင်ခြင်းအား ထောက်ခံအားပေးသူတို့မှ ပိုမိုခံနိုင်ရည်ရှိပြီး လူမှုရေးဆိုင်ရာ ကိစ္စရပ်များသို့ ပိုကောင်းမွန်စွာ လိုက်လျောညီထွေပြုနိုင်သော လူ့ပတ်ဝန်းကျင်တစ်ခုအတွင်းတွင် လူသားတို့အား မိမိတို့ မည်သူများ ဖြစ်သည်ကို မှန်ကန်စွာဖော်ပြနိုင်ရန် ခွင့်ပြုသည့် ပိုမိုသင့်မြတ်သောစနစ်တစ်ခုအဖြစ် ထင်မြင်ကြသည်။ယဉ်ကျေးမှု ဟူသည်မှာ လူမျိုးတစ်ခု သို့မဟုတ် ကိုးကွယ်မှုတစ်ခုကို အခြေခံ၍ ဖွင့်ဆိုနိုင်သောအရာတစ်ခု မဟုတ်ဘဲ အတိအကျဆိုရလျင် ကမ္ဘာကြီးပြောင်းလဲသည်နှင့် ပြောင်းလဲနေသောအချက်များစွာတို့၏ ရလဒ်ဖြစ်သည် ဟု သူတို့က ဆိုကြသည်။ သမိုင်းအရ ခေတ်ပေါ် ယဉ်ကျေးမှုများပေါင်းစည်းနေထိုင်ခြင်းအတွက် ထောက်ခံအားပေးမှုတို့မှာ ဒုတိယကမ္ဘာစစ် အပြီး အနောက်တိုင်း လူ့ပတ်ဝန်းကျင်များတွင် Susanne Wessendorf (ဆူဇန် ဝက်ဆန်ဒေါ့(ဖ်)) မှ “လူ့အခွင့်အရေး တော်လှန်ရေး” ဟု ခေါ်သော ပြောင်းလဲမှုများဖြစ်ရာမှ အမြစ်တွယ်လာသည်။

ထုံးတမ်းစဉ်လာဖြစ်နေသော လူမျိုး ကြီးဝါဒ နှင့် လူမျိုးပြုတ်ရှင်းလင်းသုတ်သင်ခြင်း တို့၏ ကြောက်ရွံ့ဖွယ်ရာများမှာ ကိုလိုနီပြုထားသော အာဖရိကနှင့် အာရှ ရှိ နိုင်ငံများမှ မိမိတို့လွတ်လပ်ရေးအတွက်တိုက်ယူခြင်း များ အောင်မြင်ပြီး ကိုလိုနီစနစ်၏အောက်မှ အထောက်အပံ့ ပေးနေသော လူမျိုးကြီးစနစ်အား ဖော်ညွှန်းကြရာ ဥရောပကိုလိုနီစနစ် ပြိုကွဲပြီး ဒုတိယကမ္ဘာစစ် အတွင်းနာဇီတို့ကဂျူးများကိုအစုလိုက်အပြုံလိုက်သတ်ခြင်း ဖြစ်ပေါ်လာသည်တွင် ဥပေက္ခာပြုရန် လုံးဝမဖြစ်နိုင် အောင် ဖြစ်လာသည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ပြည်သူလူထုရပိုင်ခွင့်များလှုပ်ရှားမှုသည် နိုင်ငံခြားသားများ ကိုနိုင်ငံသားအဖြစ်သို့ပြောင်းလဲပေးခြင်း ကိုဝေဖန်ခဲ့ပြီး မနှစ်မြို့သောစံများမှာ အင်္ဂလို-အမေရိကန် စံနှုန်းများ အတိုင်း ဆောင်ရွက်ခြင်းမရှိသူများဟု အခြေအမြစ်မရှိစွာ ဦးတည်လေ့ရှိပြီး ယင်းမှာ တက္ကသိုလ်များတွင် လူမျိုးအကြောင်း ဆိုင်ရာလေ့လာသည့် ဘာသာရပ်ဆိုင်ရာ သင်ယူမှု အစီအစဉ်များတွင် လူမျိုးအနည်းစုများ ပါဝင်ခြင်းကို ဥပက္ခောပြုထားမှုကို စာသင်ခန်းတွင်း ပြန်လည်တုန့်ပြန်သည့် နည်းတစ်ခုအဖြစ် ဖွံ့ဖြိုးလာခြင်းသို့ ဦးတည်စေသည်မှာ လည်း အထင်အရှား ပေါ်ပေါက်လာသည်။[7]ဤသမိုင်းမှ ပြခဲ့သည့်အတိုင်း အနောက်တိုင်း နိုင်ငံများတွင် ယဉ်ကျေးမှုများ စုပေါင်း၍နေထိုင်ခြင်းမှာ လူမျိုးကြီးဝါဒအားတိုက်ခိုက်ရန်၊ အားလုံးသော အနည်းစု လူ့အသိုင်းအဝန်း တို့အား ကာကွယ်ရန်နှင့် ဉာဏ်အလင်းရခြင်းခေတ် ကတည်းက အနောက်တိုင်း လူမှုဝန်းကျင်တွင် အမှတ်အသား ဖြစ်ခဲ့သော လွတ်လပ်သောဝါဒ မှ ကတိပြုထားသည့် လွတ်လပ်မှုနှင့် သာတူညီမျှမှုတို့အား ပြည့်ဝစွာခံစားနိုင်မည့် အခွင့်အရေးများမှ လူမျိုးအနည်းစုတို့ကို ပိတ်ပင်ထားသည့် နိုင်ငံရေးမူများကို ပြန်ပြင်ရန် အသုံးဝင်သည့် နည်းဗျူဟာစု အဖြစ် ရှုမြင်ခံရသည်။

ယဉ်ကျေးမှုများ ပေါင်းစည်းနေထိုင်ခြင်းအား ဆန့်ကျင်သူများ[ပြင်ဆင်ရန်]

ယဉ်ကျေးမှုများပေါင်းစည်းနေထိုင်ခြင်းဟူသည် ဖွင့်ဆိုရန် ခက်ခဲလှသည်။ Andrew Heywood (အန်ဒရူးဟေးဝုဒ်) က ယဉ်ကျေးမှုများပေါင်းစည်းနေထိုင်ခြင်း ပုံစံနှစ်မျိုးအကြား ခွဲခြားပြခဲ့သည်။ " ‘ယဉ်ကျေးမှုများ ပေါင်းစည်းနေထိုင်ခြင်း’ ဟူသော အသုံးအနှုန်းအား သရုပ်ဖော်ရော စံအဖြစ်ပါ နည်းလမ်းပေါင်းများစွာတွင် အသုံးပြုခဲ့သည်။ သရုပ်ဖော် အသုံးအနှုန်းအဖြစ် ၎င်းကို ယဉ်ကျေးမှုဆိုင်ရာကွဲပြားချက်ကို ရည်ညွှန်းရန် သုံးသည်။ စံအဖြစ် ယဉ်ကျေးမှုများ ပေါင်းစည်းနေထိုင်ခြင်းမှာ အပြုသဘောဆောင်သော ထောက်ခံချက်အပြင်အောင်ပွဲခံခြင်း၊ အများနှင့်ဆိုင်သော ကွဲပြားခြင်း၊ ပုံမှန် အားဖြင့် ကွဲပြားသောအုပ်စုများအား လေးစားမှုနှင့် အသိအမှတ်မှုပြုရန် အခွင့်အရေး သို့မဟုတ် ဂုဏ်သိက္ခာနှင့် ယဉ်ကျေးမှုကွဲပြားမှုမှာ ပိုကြီးသောလူမှုဝန်းကျင် ဖြစ်လာရန်အတွက်ကောင်းကျိုးများစေသည်’ ဟု ဆိုထားသည်။"

ယဉ်ကျေးမှုများပေါင်းစုနေခြင်းကို ဝေဖန်သူတို့မှ ပြန့်ကူးခြင်းမရှိဘဲ အတူယှဉ်တွဲတည်ရှိနေသော ယဉ်ကျေးမှုများ၏ ယဉ်ကျေးမှုများ ပေါင်းစုနေခြင်း စံနမူနာသည် တစ်ခုနှင့်တစ်ခု အပြန်အလှန်ဆက်နွယ်၊ လွှမ်းမိုးနေပြီး ကွဲပြားစွာ ဆက်လက်တည်ရှိနေခြင်းမှာ ခံနိုင်ရည်ရှိခြင်း၊ ဝိရောဓိသဘောရှိခြင်း သို့မဟုတ် နှစ်လိုဖွယ်ကောင်းခြင်း ရှိပါ၏လော ဟူသည်ကို အငြင်းပွားလေ့ ရှိကြသည်။ ၎င်းမှာ ယခင်က ကွဲပြားသည့် မိမိတို့ ကိုယ်ပိုင်ယဉ်ကျေးမှု ပြယုဂ်တစ်ခု ဖြင့် အနက်တူ ခဲ့သည့် နိုင်ငံပြည်နယ်များ သည် အားကောင်းလာသော ယဉ်ကျေးမှုများ ပေါင်းစုနေခြင်းတွင် အခွင့်အရေး များ ဆုံးရှုံးသွားပြီး ယင်းသည် အိမ်ရှင်နိုင်ငံ၏ ကွဲပြားသည့် ယဉ်ကျေးမှုအား နောက်ဆုံးတွင် တိုက်စားသွားမည် ဖြစ်ကြောင်း အငြင်းပွားကြသည်။

ခေတ်ပြိုင် အနောက်နိုင်ငံလူ့ဝန်းကျင်ရှိ ယဉ်ကျေးမှုများပေါင်းစုနေခြင်း[ပြင်ဆင်ရန်]

၁၉၇၀ ကျော်နှစ်များမှစတင်၍ အနောက်တိုင်း နိုင်ငံအတော်များများတွင် အနောက်တိုင်း ကမ္ဘာ၏ မြို့ကြီးပြကြီးများမှာ ယဉ်ကျေးမှုများအား ဖွဲ့စပ်၍ သရုပ်ဖော်ထားပုံတို့နှင့် တိုးပွားစွာ ဖွဲ့စည်းလာသည်ဟူသော အချက်အပါအဝင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကွဲပြားသောအကြောင်းပြချက်များအရယဉ်ကျေးမှုများပေါင်းစုနေခြင်းအား တရားဝင် နိုင်ငံရေးမူ ဖြစ်လာစေခဲ့သည်။ သို့သော်လည်း လတ်တလောကာလများတွင် များစွာသော နိုင်ငံခေါင်းဆောင်များမှ ထိုနိုင်ငံရေးမူဝါဒများ၏ အောင်မြင်မှု အပေါ် သံသယများ ထုတ်ဖော်ပြလာသည်။ ယူနိုက်တက်ကင်းဒမ်း ၏ ဝန်ကြီးချုပ် David Cameron (ဒေးဗစ် ကမ်မရွန်)၊ ဂျာမန် တရားဝန်ကြီးချုပ် Angela Merkel (အန်ဂျယ်လာ မာကယ်)၊ ဩစတြေးလျ ၏ ဝန်ကြီးချုပ်ဟောင်း John Howard (ဂျွန်ဟိုးဝါဒ့်)၊ စပိန် ဝန်ကြီးချုပ်ဟောင်း Jose Maria Aznar (ဂျိုစီမာရီယာအက်ဇ်နာ) နှင့် ပြင်သစ် သမ္မတ Nicolas Sarkozy (နီကိုလတ်စ် စာကိုဇီ) တို့မှ ပြောင်းရွှေ့နေထိုင်လာသူများ ပူးပေါင်းလာခြင်းအတွက် မိမိတို့၏ ယဉ်ကျေးမှုများရောပြွှန်းနေသော နိုင်ငံရေးမူဝါဒများ အကျိုးသက်ရောက်မှု များနှင့်ပတ်သက်၍ စိုးရိမ်သံများ ထွက်လာသည်။

အနောက်တိုင်း အင်္ဂလိပ်စကားပြောသော နိုင်ငံများတွင် ယဉ်ကျေးမှုများပေါင်းစုနေခြင်းသည် ကနေဒါတွင် ၁၉၇၁ ခုနှစ်တွင် တရားဝင် အမျိုးသားရေးမူဝါဒ အဖြစ်စတင်ခဲ့ပြီး ၁၉၇၃ တွင် ဩစတြေးလျမှ လိုက်နာဆောင်ရွက်ခဲ့သည်။၎င်းကို ဥရောပနိုင်ငံပေါင်းချုပ် ၏ အသင်းဝင်နိုင်ငံအများစုတွင် လျင်မြန်စွာဖြင့် တရားဝင် နိုင်ငံရေးမူဝါဒတစ်ခုအဖြစ် ပြဌာန်းလက်ခံယူခဲ့သည်။ လက်ရှိ ဥရောပ နိုင်ငံအများတွင် နယ်သာလန် နှင့် ဒိန်းမတ် တို့ကဲ့သို့ တရားသဖြင့် အုပ်ချုပ်သော အစိုးရတို့မှ အမျိုးသားနိုင်ငံရေးမူအား ပြောင်းပြန်လှန်ပြီး တရားဝင် ယဉ်ကျေးမှုတစ်ခုသာ ထားရှိခြင်းမူ သို့ ပြန်သွားခဲ့သည်။စတင်ဖြစ်ပေါ်လာသော ကွဲပြားမှုနှင့် “ဇာတိချက်ကြွေ” အကြမ်းဖက်မှု အပေါ် စိုးရိမ်ကြောင့်ကြမှု အထောက်အထားတို့ကြောင့် ယူနိုက်တက်ကင်းဒမ်းတွင်လည်း ထိုသို့သောဆင်တူသည့် ပြောင်းပြန်လှန်မှု သည် အငြင်းပွားစရာ အကြောင်းရပ် ဖြစ်လာသည်။

ကနေဒါ[ပြင်ဆင်ရန်]

ယဉ်ကျေးမှုများပေါင်းစုနေခြင်းအား ကနေဒါနိုင်ငံအစိုးရ ၏ တရားဝင်နိုင်ငံရေးမူဝါဒအဖြစ် Pierre Elliot Trudeau (ပီအဲ(ရ်)အီလိရတ် ထရူးဒေါ) ၏ ဝန်ကြီးချုပ်အဖြစ်ဆောင်ရွက်မှု ၁၉၇၀ နှင့် ၁၉၈၀ များအတွင်းတွင် လက်ခံယူခဲ့ သည်။ကနေဒါအစိုးရသည် ၎င်း၏ လူဝင်မှုကြီးကြပ်ရေး၏လူမှုရေးဆိုင်ရာအရေးပါပုံ အပေါ်တွင် ပြည်သူလူထု အလေးထားမှုကြောင့် ယဉ်ကျေးမှုပေါင်းစုခြင်း အတွေးအမြင်စနစ်အား စတင်လှုံ့ဆော်သူအဖြစ် ဖော်ပြခံရလေ့ ရှိသည်။ကနေဒါနိုင်ငံသားများယဉ်ကျေးမှုများပေါင်းစုနေခြင်းအက်ဥပဒေနှင့် ကနေဒါနိုင်ငံသားများအခွင့်အရေး နှင့် လွတ်လပ်မှုများ ပဋိညာဉ်စာတမ်းပါအပိုင်း၂၇တို့ဖြင့် ယဉ်ကျေးမှုများပေါင်းစည်းနေထိုင်ခြင်းအား ဥပဒေတွင် ရောင်ပြန်ဟပ် ထားသည်။ ၂၀၀၁ တွင် ကနေဒါသို့ပြောင်းရွှေ့လာရောက်နေထိုင်သော သူများမှာ ခန့်မှန်းခြေအားဖြင့် ၂၅၀၆၄၀ ယောက်ခန့် ရှိသည်။

အသစ်ရောက်လာသူများသည် အများစုမှာ တိုရွန်တို၊ ဗန်ကူးဗား နှင့် မွန်ထရီးရယ် တို့၏ အဓိကမြို့ပြဒေသများတွင် အခြေချကြသည်။၁၉၉၀ နှင့် ၂၀၀၀ နှစ်များတွင် ကနေဒါ၏ ပြောင်းရွှေ့ လာရောက်နေထိုင်သူများအနက် အများဆုံးပါဝင်မှုမှာ အရှေ့အလယ်ပိုင်း၊ အာရှတောင်ပိုင်း၊ အရှေ့တောင် အာရှနှင့် အရှေ့အာရှ တို့ ပါဝင်သော အာရှ မှ လာကြသူများ ဖြစ်သည်။ကနေဒါလူနေမှုဝန်းကျင်အား အလွန် ပြန့်ပွားတိုးတက်သော၊ ကွဲပြားသောနှင့် ယဉ်ကျေးမှုပေါင်းစုနေထိုင်မှုအဖြစ် ဖော်ပြခံရလေ့ရှိသည်။ တစ်စုံတစ်ဦးအား လူမျိုးကြီးဝါဒီ ဟု စွပ်စွဲခြင်းသည် ကနေဒါတွင် အလွန်ပြင်းထန်သော မဟုတ်တမ်းတရား စွပ်စွဲပြောဆိုချက်အဖြစ် သတ်မှတ်ခံရလေ့ ရှိသည်။ကနေဒါ နိုင်ငံရေးပါတီများမှာ ယခုအခါ သူတို့နိုင်ငံ၏ လူဝင်မှု များပြားလာခြင်းကို ဝေဖန်သောအကြောင်းနှင့် ပတ်သက်ပြီး သတိထားလာကြသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာကြီးနှင့်စာပို့ခြင်း ဟု သိကြသည့်အတိုင်း ၁၉၉၀ နှစ်များအစောပိုင်းတွင် လူဝင်မှုပမာဏအား ၂၅၀၀၀၀ မှ ၁၅၀၀၀၀ သို့ လျော့ချရန် အကြံ ပြုသည့်အတွက် ပြုပြင်ပြောင်းလဲရေးပါတီ ဟောင်းအား လူမျိုးကြီးဝါဒီ ဟု တံဆိပ်တပ် ခံရခြင်း ကြောင့်ဖြစ်သည်။

အာဂျင်တီးနား[ပြင်ဆင်ရန်]

ထိုကဲ့သို့ ယဉ်ကျေးမှုများပေါင်းစည်းနေထိုင်ခြင်း အဖြစ် မခေါ်သော်လည်း အာဂျင်တီးနား၏ အခြေခံဥပဒေ၏ နိဒါန်း တွင် လူဝင်မှုကြီးကြပ်ရေး အား ရှင်းလင်းစွာမြှင့်တင်ပေးပြီး အခြားနိုင်ငံများမှ လူတစ်ဦးချင်း၏ နိုင်ငံအများတွင်နိုင်ငံသားခံယူမှု ကိုလည်း အသိအမှတ်ပြုသည်။ အာဂျင်တီးနား၏လူဦးရေ ၉၇% မှာ ယနေ့အထိ ဥရောပမှဆင်းသက်သူတို့အဖြစ် ကိုယ်တိုင်-သတ်မှတ်ခံယူသော်လည်း ယဉ်ကျေးမှုများပေါင်းစည်းနေခြင်း မြင့်တက်လာမှုသည် အာဂျင်တီးနား၏ယဉ်ကျေးမှုလက္ခဏာတစ်ရပ် ဖြစ်နေစေသည်။ နိုင်ငံခြားပွဲတော်များနှင့် အားလပ်ရက်များ (ဥပမာ- စိန့်ပတ်ထရစ်နေ့) အား ခွင့်ပြုထားခြင်း၊ လူမျိုးစုများ ၏ အနုပညာ သို့မဟုတ် ယဉ်ကျေးမှုဖော်ပြခြင်း အမျိုးအစား အားလုံးကို ထောက်ပံ့မှုပြုခြင်း၊ ထို့အပြင် မီဒီယာတွင် အရေးပါသော ယဉ်ကျေးမှု များ ပေါင်းစု တည်ရှိခြင်း မှတဆင့် သူတို့၏ စိမ့်ဝင်လာမှု ဥပမာဆိုရလျှင် အာဂျင်တီးနားတွင် သတင်းစာများသို့မဟုတ် ရေဒီယိုအစီအစဉ်များအား အင်္ဂလိပ်၊ ဂျာမန်၊ အီတလီ သို့မဟုတ် ပြင်သစ် ဘာသာစကား တို့ဖြင့် ရခြင်းမှာ တွေ့ရလေ့မရှိသော အရာမဟုတ်ပေ။

အမေရိကန်ပြည်ထောင်စု[ပြင်ဆင်ရန်]

အမေရိကန်ပြည်ထောင်စုတွင် ယဉ်ကျေးမှုများပေါင်းစည်းနေခြင်းအား ဗဟိုအစိုးရနှင့် သက်ဆိုင်သောအဆင့် နိုင်ငံရေး မူဝါဒတွင်း ရှင်းလင်းစွာ မဖော်ထုတ်ထားပေ။ ထိုအစား ၎င်းမှာ ပိုမြင့်သော ပညာရေးတွင် လူမျိုးများအားလေ့လာသည့် အစီအစဉ်များ တိုးပွားလာခြင်း နှင့် အတန်းကျောင်းသင်ရိုးအား လူဖြူ မဟုတ်သူတို့၏ သမိုင်းနှင့် ပါဝင်ပျံ့နှ့ံနေမှုတို့ ပိုမို ပါဝင်ရန် ကြိုးပမ်းခြင်းနှင့်အခြေခံအားဖြင့် ကျောင်းနေခြင်းစနစ် မှစတင်၍ စဉ်းစားဖွယ်အဖြစ်တစ်ရပ် ဖြစ်လာသည်။ ယင်းမှာ စီးပွားရေးလုပ်ငန်းများတွင် ယဉ်ကျေးမှုများအကြား ဖြစ်ပွားနေသော ကွဲပြားမှုများအား အမြဲတမ်းနားလည်မှု မပေးခြင်းကို မပြုလုပ်သော်လည်း ပိုမိုကွဲပြားမှုများပြားလာသော အလုပ်သမားအင်အားလိုအပ်မှုများကို မည်သို့ပြည့်စုံ စေမည်ကို ဖော်ပြရရာ စီးပွားရေးလုပ်ငန်းများ အတွက်လည်း ကိစ္စရပ်တစ်ခုဖြစ်လာသည်။

အထက်တွင် ဖော်ပြထားသည့်အတိုင်း (“ယဉ်ကျေးမှုများပေါင်းစည်းနေခြင်း အတွက် ထောက်ခံခြင်း”) ယဉ်ကျေးမှုများ ပေါင်းစည်းနေခြင်းသည် ၁၉၅၀ နှင့် ၁၉၆၀ ခုနှစ်များတွင်ပေါ်ပေါက်လာသည့် အနည်းစုသောအုပ်စုတို့မှ နိုင်ငံသား အားလုံးအတွက် အမေရိကန် ကတိကဝတ်ပြုထားသော တရားမျှတမှု၊ လွတ်လပ်မှု နှင့် သာတူညီမျှမှု တို့တွင် သူတို့ ရသင့်သောအပိုင်းတို့ကို လိုလားတောင်းဆိုသော လူထုအခွင့်အရေးလှုပ်ရှားမှု များစွာတို့၏ ရလဒ်အဖြစ် ပျံ့နှ့ံလာ သည်။ ထိုလှုပ်ရှားမှုသည် လူမျိုးနှင့် မျိုးနွယ်အနည်းစုတို့မှ နိုင်ငံခြားသားများကိုနိုင်ငံသားအဖြစ်သို့ပြောင်းလဲပေးခြင်း သည် သူတို့အား လူမျိုးကြီးဝါဒ၏ တိုက်ခိုက်မှုများမှ ကာကွယ်ပေးရန် မအောင်မြင်ရုံသာမက လူမျိုးကြီးဝါဒအား ယှဉ်ပြိုင်ဝံ့သူမရှိ ဆက်လက်သွားရန် ခွင့်ပြုသော သဘောတရားများအား လည်းပေါ်ပေါက်စေသည်ဟု အငြင်းပွားမှုများ ဖြစ်ရာမှ လူမျိုးရေးလှုပ်ရှားမှုများ သို့ ဦးတည်သွားသည်။

ယင်းအစား ထိုလှုပ်ရှားမှုများမှ ဆိုသည်မှာ လူဖြူတို့၏ ယဉ်ကျေးမှုမှ သူတို့၏ကွဲပြားမှုများကို ယုံကြည်လျက်နေခြင်းသည် သူတို့အတွက် ပိုမိုကောင်းနိုင်ပြီး သူတို့အား ထုံးတမ်းဆန်စွာ ခွဲခြားသကဲ့သို့ မြင်နေသော ယဉ်ကျေးမှုတစ်ခုအတွင်းသို့ စိတ်တွင်လက်ခံယူရန် မမျှော်လင့် သင့်ကြောင်း ဆိုကြသည်။ ထိုဂုဏ်သိက္ခာဆိုင်ရာ လှုပ်ရှားမှုများမှ အင်္ဂလို-ဥရောပဆိုင်ရာ သမိုင်းကို အလွန်အကျွံ ကိုယ်စားပြုဖော်ပြခြင်းပြုပြီး အာဖရိကန် အမေရိကန်များ၊ ဒေသခံ အမေရိကန်များ၊ တောင်အမေရိကတိုက်သား∕များ နှင့် အာရှအမေရိကန်များ၏ သမိုင်းနှင့် ပါဝင်ပျံ့နှံ့နေမှုကို လုံးဝ ဥပေက္ခာပြုထားခြင်းအား ပြန်လည်တိုက်ခိုက်ရန် ဗျူဟာနည်းတစ်ခုအနေနှင့် ကျောင်းများတွင် လူမျိုးများအားလေ့လာမှု အစီအစဉ်များ မွေးဖွားပေါ်ပေါက်လာမှုသို့ ဦးတည်စေခဲ့သည်။

ယူနိုက်တက်ကင်းဒမ်း[ပြင်ဆင်ရန်]

၁၉၇၀ နှင့် ၁၉၈၀ နောက်ပိုင်းများတွင် ယဉ်ကျေးမှုများပေါင်းစုနေထိုင်မှုဆိုင်ရာ နိုင်ငံရေးမူဝါဒများအား ဒေသတွင်း အုပ်ချုပ်ရေးများ အထူးသဖြင့် Tony Blair (တိုနီဘလဲ) ၏ အလုပ်သမားအစိုးရ မှ လက်ခံယူခဲ့သည်။ပြီးခဲ့သည့် ဆယ်စုနှစ်များ၏ ပြောင်းရွှေ့လာရောက်နေထိုင်သူ အများစုမှာ အိန္ဒိယတိုက်ငယ် သို့မဟုတ် ကာရေးဘီယန်ကျွန်းများ အစရှိသော ယခင် ဗြိတိသျှကိုလိုနီများ မှ လာခြင်းဖြစ်သည်။ ၂၀၀၄ တွင် ဗြိတိသျှနိုင်ငံသား ဖြစ်လာသူ လူဦးရေမှ ၁၄၀၇၉၅ သို့ မှတ်တမ်းတစ်ခုသဖွယ် တိုးသွားသည်။ ပြီးခဲ့သည့် နှစ်ထက် ၁၂% တိုးခြင်း ဖြစ်သည်။ ၂၀၀၀ ခုနှစ်ကတည်းက ထိုအရေအတွက်သည် တဖြည်းဖြည်းတိုးလာခြင်း ဖြစ်သည်။ လွှမ်းမိုးလျက်ရှိသော နိုင်ငံသား အသစ်များ အများစုမှာ အာဖရိကမှ (၃၂%) နှင့် အာရှမှ (၄၀%) အကြီးဆုံးသော သုံးအုပ်စုမှာ ပါကစ္စတန်၊ အိန္ဒိယ နှင့် ဆိုမာလီးယား မှ လာသောသူများ ဖြစ်ကြသည်။၂၀၁၁ တွင် ဝန်ကြီးချုပ်နှင့် ရှေးရိုးစွဲပါတီ ခေါင်းဆောင် David Cameron (ဒေးဗစ်ကမ်မရွန်) မှ မိန့်ခွန်းတစ်ခုတွင် ပြောကြားသည်မှာ “နိုင်ငံ၏ ယဉ်ကျေးမှုများပေါင်းစု နေထိုင်ခြင်းဝါဒသည် ကျရှုံးခဲ့ပြီ” ဟူ၏။

ပင်မ ဥရောပတိုက် နှင့်ဆိုင်သော ဥရောပ[ပြင်ဆင်ရန်]

သမိုင်းအထောက်အထားများအရ ဥရောပသည် ရောမ ကက်သလစ် ခရစ်ယာန်၏ အထွဋ်အထိပ်ရောက်မှုဖြင့် ပေါင်းစည်းထားသည်ဟု ယူဆရသော်လည်း Hebraic (ဟီဘရစ်)၊ Hellenic (ဟယ်လန်နစ်) နှင့် Muslim (မွတ်စလင်) ယုံကြည်မှုစနစ်များ ဝင်ရောက်ခြင်းဖြင့် လွှမ်းမိုးထားသော Latin (လက်တင်)၊ Slavic (ဆလားဗစ်)၊ Germanic (ဂျာမန်) နှင့် Celtic (စယ်လ်တစ်) ယဉ်ကျေးမှုများ ရောနှောထားမှုတစ်ခုဖြစ်ရာ ဥရောပသည် အမြဲပင် ယဉ်ကျေးမှုစုံသော နေရာဖြစ်ပြီး ပထဝီအနေအထားနှင့် ယဉ်ကျေးမှုကွဲပြားခြင်းတို့သည် ရှေးခေတ်မှ ယနေ့ခေတ်အထိ ရှိနေဆဲဖြစ်ကြောင်း လက်ခံရမည်။

အထူးသဖြင့် ၁၉ ရာစုအတွင်းတွင် ဥရောပသားများ နိုင်ငံ နှင့်ပတ်သက်၍ တွေးသည့်နည်းလမ်းအတိုင်း နိုင်ငံချစ်စိတ် သဘောတရားတို့ ပြောင်းလဲခဲ့သည်။တည်ရှိနေသော နိုင်ငံများပြိုကွဲပြီး အသစ်များ တည်ထောင်ကြ သည်။ အသစ်ပေါ်လာသော လွတ်လပ်သောအမျိုးသားနိုင်ငံများ အား နိုင်ငံတော် တိုင်းမှာ သူကိုယ်ပိုင် အုပ်ချုပ်မှု ရှိပြီး ရန်ပြုရန်၊ ကာကွယ်ရန် နှင့် မိမိကိုယ်ပိုင် သီးသန့် ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းကို ထိန်းသိမ်းရန် ဟူသော သဘောတရားတို့အား လက်ကိုင်ပြုသည်ကို တွေ့ရသည်။ စည်းလုံးခြင်းဟူသော သဘောတရားအောက်တွင် မျိုးနွယ်တို့စည်းလုံးခြင်း၊ ယဉ်ကျေးမှု၏စည်းလုံးခြင်း၊ ဘာသာစကား၏စည်းလုံးခြင်း နှင့် ကိုးကွယ်မှု၏ စည်းလုံး ခြင်းအား နိုင်ငံတော်နှင့် လွတ်လပ်သောအမျိုးသားနိုင်ငံတို့၏ မရှိမဖြစ်သော ဝိသေသအဖြစ် စည်းလုံးခြင်းကို မြင်စေ ခဲ့သည်။ လွတ်လပ်သောအမျိုးသားနိုင်ငံတွင် အချို့သော အမျိုးသားရေး လှုပ်ရှားမှုများမှ ဒေသတွင်း ကွာခြားမှုများအား အသိအမှတ်ပြုသော်လည်း ယဉ်ကျေးမှုအရတွင် တစ်မျိုးတည်းဖြစ်သော လူမှုဝန်းကျင် ပါဝင်သည်။

ယဉ်ကျေးမှုဆိုင်ရာစည်းလုံးခြင်းမှာ မလုံလောက်သောအခါ နိုင်ငံတော်မှ အားပေးခြင်း၊ တွန်းအားပေးခြင်းတို့ ပြုရသည်။ ၁၉ ရာစုမှ လွတ်လပ်သော အမျိုးသားနိုင်ငံတို့တွင် နိုင်ငံရေးမူဝါဒများ အမျိုးမျိုးပေါ်ပေါက်လာပြီး အရေးအကြီးဆုံးမှာ မူလတန်းပညာရေး အား အမျိုးသားဘာသာစကား နှင့် မဖြစ်မနေ သင်ကြားစေခြင်းဖြစ်သည်။ ဘာသာစကား တက္ကသိုလ်မှ ဘာသာစကားကိုယ်တိုင်အား စံပြုသတ်မှတ်ပြီး ဒေသဆိုင်ရာ ဘာသာစကားများအား ဥပက္ခောပြု ဖိနှိပ်ခဲ့သည်။ အချို့သော လွတ်လပ်သည့်အမျိုးသားနိုင်ငံများ မှာ ယဉ်ကျေးမှုဆိုင်ရာ ပြောင်းလဲပေးခြင်း နှင့် လူမျိုးပြုတ်ရှင်းလင်းသုတ်သင်ခြင်း တို့ပင်ပြုလုပ်ပြီး အကြမ်းဖက်သည့် နိုင်ငံရေးမူဝါဒတို့ကို သုံးစွဲခဲ့ကြသည်။

အချို့သော ဥရောပနိုင်ငံပေါင်းစုမှ တိုင်းပြည်များတွင် “လူမှုရေးဆိုင်ရာပေါင်းစည်းညီညွတ်မှု” ၊ “ပေါင်းစည်းခြင်း” နှင့် (တစ်ခါတစ်ရံ) “စိတ်တွင်မှတ်သားလက်ခံခြင်း” တို့အတွက် နိုင်ငံရေးမူဝါဒများနှင့် မိတ်ဆက်မှုပြုခဲ့သည်။ ထိုနိုင်ငံရေးမူဝါဒများတွင် -

  • နိုင်ငံသမိုင်း၊ အခြေခံဥပဒေ နှင့် တရားစီရင်ရေးစနစ် တို့အား မဖြစ်မနေ သင်ကြားမှုများ နှင့်/သို့မဟုတ် စစ်ဆေးမှုများ ပြုလုပ်ရမည်။ (ဥပမာ- နိုင်ငံသားခံယူရန်ကြိုးစားနေသော ပုဂ္ဂိုလ်တို့အား ကွန်ပျူတာအခြေခံ စာမေးပွဲဖြစ်သော ယူနိုက်တက်ကင်းဒမ်းတွင်နေထိုင်မှုဘဝစာမေးပွဲ ဟု အမည်ရသည့် စာမေးပွဲကို ဖြေစေသည်)
  • နယ်သာလန်အတွက် နိုင်ငံတော် ဥပဒေစည်းမျဉ်း အား van Oostrom (ဗန် အော့စ်ထရွန်း) ကော်မရှင်မှ သတ်မှတ်ပေးခြင်းကဲ့သို့သော တရားဝင် နိုင်ငံသမိုင်းကို မိတ်ဆက်ပေးရန်နှင့် ထိုသမိုင်းအား ပိုမို တိုးမြှင့်ပေးခြင်းပြုရန် (ဥပမာ- နိုင်ငံလူစွမ်းကောင်းများ အကြောင်း ဖော်ပြခြင်းများပြုလုပ်၍)
  • "လက်ခံနိုင်ဖွယ်ရာမဟုတ်သော" အဖြေများကို အစ်ထုတ်ရန် စမ်းသပ်မှုများရေးဆွဲခြင်း၊ Baden-Württemberg (ဘဒန် ၀ွတ်တန်ဘတ်(ဂ်)) တွင် ပြောင်းရွှေ့လာသူများအား မေးမြန်းသည်မှာ သင်တို့၏ သားမှ မိမိသည် လိင်တူဆက်ဆံသူ တစ်ဦး ဖြစ်ကြောင်းပြောလာလျှင် မည်သို့ပြုမည်နည်းဟု ဖြစ်သည်။ (လိုချင်သော အဖြေမှာ ၎င်းကို သူတို့လက်ခံပါမည်ဟူ၍ ဖြစ်သည်)
  • အစ္စလာမ် အဝတ်အစား တို့အား တားမြစ်ခြင်း - အထူးသဖြင့် ခေါင်းခြုံလွှာ (မျက်လုံးပေါက်သာ ဖောက်ထား သည့်ပုဝါ နှင့်လည်း မကြာခဏ နာမည်မှားတတ်)

ရုရှ[ပြင်ဆင်ရန်]

ရာစုနှစ်ပေါင်းများစွာ တဖြည်းဖြည်းနယ်မြေချဲ့ထွင်လာခြင်းကြောင့် ရုရှတွင် ကွဲပြားသော လူမျိုးစုပေါင်း ၁၅၀ ကျော် ရှိသည်။ လူမျိုးစုအများကြား တင်းမာမှုများ အထူးသဖြင့် Caucasus (ကော်ကေးရှပ်စ်) ဒေသတွင် မကြာခဏဆိုသလို လက်နက်ကိုင် တိုက်ပွဲများ အဖြစ်သို့ တိုးမြင့်လာလေ့ရှိသည်။

ဂျာမနီ[ပြင်ဆင်ရန်]

လက်ရှိ ဝန်ကြီးချုပ် Angela Merkel (အန်ဂျလာ မာကယ်) မှ ဂျာမန်အခေါ်ဖြင့် Multikulti (မာ(လ်)တီကူလ်တီ) ဟူသည့် ယဉ်ကျေးမှုများပေါင်းစုနေထိုင်ခြင်းဝါဒသည် ကျရှုံးခဲ့ပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ခေတ်ပြိုင်အရှေ့တိုင်း လူမှုဝန်းကျင်မှ ယဉ်ကျေးမှုများပေါင်းစုနေခြင်း[ပြင်ဆင်ရန်]

အိန္ဒိယ

အိန္ဒိယ၏ ယဉ်ကျေးမှုအား ရှည်လျားသော သမိုင်းကြောင်း၊ သီးသန့်သော ပထဝီအနေအထား နှင့် ကွဲပြားသော ဖွားခြင်း၊ သေခြင်း၊ ရောဂါဘယဖြစ်ပွားခြင်း လေ့လာမှုများတို့ဖြင့် ပုံသွင်းထားသည်။ အိန္ဒိယ၏ ဘာသာစကားများ၊ ကိုးကွယ်မှုများ၊ အက၊ ဂီတ၊ ဗိသုကာ နှင့် ရိုးရာတို့မှာ နိုင်ငံတွင်းတွင် တစ်နေရာမှ တစ်နေရာ ကွဲပြားကြသည် ဖြစ်သော်လည်း အများအားဖြင့် တူညီမှုတစ်ခု ရှိကြသည်။ အိန္ဒိယ၏ ယဉ်ကျေးမှုမှာ အိန္ဒိယတိုက်ငယ်တစ်ဝှမ်းလုံး ပျံ့နှံ့နေသော ထိုကွဲပြားသော ယဉ်ကျေးမှုငယ်များနှင့် နှစ်ထောင်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော ထုံးတမ်းတို့အား ရောနှောပေါင်းစည်းထားခြင်း ဖြစ်သည်။အိန္ဒိယအမျိုးဇာတ်စနစ် သည် ထောင်ပေါင်းများစွာသော မျိုးရိုးတစ်ခုတွင်း သာလက်ထပ်ပျံ့ပွားသည့် မျိုးရိုးဆက်ခံမှုအုပ်စုတို့မှ လူမှုအဆင့်အတန်းများအား သတ်မှတ်ပြီး jātis (ဂျတိုင်း) သို့မဟုတ် အမျိုးဇာတ် ဟု ခေါ်သည်။ ထိုစနစ်သည် အိန္ဒိယတိုက်ငယ်အတွင်းလူမှုအလွှာများသတ်မှတ်ခြင်းနှင့် လူမှုရေးကန့်သတ်မှုများပြုခြင်းတို့ကိုဖော်ပြသည်။ အိန္ဒိယတွင်ယဉ်ကျေးမှုများပေါင်းစုနေခြင်း ဟူသော အသုံးအနှုန်းကို များမကြာသေးမီက လက်ဝဲနိုင်ငံရေး သမားများနှင့် ကွန်မြူနစ်များမှလွဲ၍ သိပ်မသုံးပေ။ ကွဲပြားခြင်း ဟူသော အသုံးအနှုန်း (အိန္ဒိယ ယဉ်ကျေးမှုအတွင်း) မှာ အိန္ဒိယလူမျိုးများ မကြာခဏ သုံးလေ့ရှိသော အသုံးအနှုန်းဖြစ်သည်။

ကိုးကွယ်မှုအရ ရှေးရိုးစွဲ ဟိန္ဒူများ မှာ အများစုဖြစ်ပြီး နောက်မှ မွတ်စလင်များ လိုက်သည်။ စာရင်းဇယား အတိအကျ အားဖြင့် ဟိန္ဒူ (၈၀.၅%)၊ မွတ်စလင် (Shia (ရှီရာ)၊ Sunni (ဆွန်နီ) နှစ်မျိုးလုံး အပါအဝင် ၁၃.၄%)၊ ခရစ်ယာန် (၂.၃%)၊ Sikh (ဆစ်ခ်) (၂.၁%)၊ Buddhist (ဗုဒ္ဓဘာသာ)၊ Bahá'í (ဘာဟာရီ)၊ Ahmadi (အာမတ်ဒီ)၊ Jain (ဂျိန်း)၊ Jew (ဂျူး) နှင့် Parsi (ပါစီ) လူဦးရေတို့ ရှိသည်။[60] ဘာသာစကားပြောဆိုမှုအရ အိန္ဒိယရှိ အဓိက ဘာသာ စကားမိသားစုနှစ်ခုမှာ Indo-Aryan (အင်ဒို-အာရမ်) (အင်ဒို-ဥရောပ၏ အနွယ်တစ်ခု) နှင့် Dravidian (ဒရာဗီဒီရန်) တို့ဖြစ်သည်။ အိန္ဒိယတွင် တရားဝင်အားဖြင့် ဘာသာစကား သုံးမျိုးပြောဆိုမှု မူဝါဒကို လိုက်နာသည်။ Hindi (ဟင်ဒီ) စကားသည် အစိုးရသုံး တရားဝင်ဘာသာစကား ဖြစ်ပြီး၊ အင်္ဂလိပ်စကားမှာ တွဲသုံးသော/အဓိကမဟုတ်သော အစိုးရ အဆင့် တရားဝင်ဘာသာစကားဖြစ်ပြီး ပြည်နယ်တစ်ခုစီတွင် သူတို့ကိုယ်ပိုင် ပြည်နယ်သုံး တရားဝင်ဘာသာစကားတို့ ရှိကြသည်။ (ဟင်ဒီစကားတွင် sprachraum (စပ္ပရာချရာအမ်)၊ ယင်းသည် ဘာသာစကား နှစ်မျိုးပြောရခြင်းကို လျော့ချပေးသည်) အိန္ဒိယသမ္မတနိုင်ငံ ၏ပြည်နယ် နယ်နိမိတ်များမှာ ဘာသာစကား ပြောဆိုသော အုပ်စုများကို အခြေခံပြီး ကျယ်ပြန့်စွာရေးဆွဲထားသည်။ ထိုဆုံးဖြတ်ချက်မှာ ပြည်နယ်အများတွင် ကွဲပြားနေပြီဖြစ်သော ဟင်ဒီ sprachraum (စပ္ပရာချရာအမ်) အတွက်မှအပ ဒေသဆိုင်ရာ လူမျိုး-ဘာသာစကား ယဉ်ကျေးမှုငယ်များကို ထိန်းသိမ်း ခြင်း နှင့် ဆက်လက်စေခြင်းတို့သို့ ရှေးရှုစေသည်။ ထို့ကြောင့် ပြည်နယ်အများစုသည် တစ်ခုနှင့် တစ်ခု ဘာသာစကား၊ ယဉ်ကျေးမှု၊ ဟင်းလျာ၊ ဝတ်စားပုံ၊ စာပေပုံစံ၊ ဗိသုကာပညာ၊ ဂီတ နှင့် ပွဲတော်ဓလေ့များ ကွဲပြားကြသည်။ ပိုမို သိလိုလျှင် အိန္ဒိယ၏ယဉ်ကျေးမှု အား ဆက်လက်ကြည့်ရှုပါ။သို့သော်လည်း မကြာခဏအားဖြင့် အိန္ဒိယသည် Moplah (မိုပလာ)အဓိကရုဏ်း၊ Bombay (ဘုံဘေ) အဓိကရုဏ်း၊ ၁၉၈၄ခု Sikh (ဆစ်ခ်)ဆန့်ကျင်ရေး အဓိကရုဏ်း နှင့် ၂၀၀၂ခု Gujarat (ဂူဂျာရတ်) အဓိကရုဏ်း ကဲ့သို့သော ကိုးကွယ်မှုဆိုင်ရာပြင်းထန်သောအကြမ်းဖက်မှုများ နှင့် ကြုံတွေ့ရလေ့ရှိသည်။[61]

အင်ဒိုနီးရှား[ပြင်ဆင်ရန်]

အင်ဒိုနီးရှားတွင် ပြောဆိုနေဆဲဘာသာစကားပေါင်း ရ၀၀ ကျော်ရှိပြီးမွတ်စလင် အဓိကအားဖြင့် ရှိသော်လည်း နိုင်ငံတွင် ခရစ်ယာန် နှင့် ဟိန္ဒူလူဦးရေလည်း အများအပြားရှိသည်။ အင်ဒိုနီးရှား၏ အမျိုးသား ဆောင်ပုဒ် "Bhinneka tunggal ika" ("ဘဟင်နီက တက်ဂယ် အိုင်က") ဖြစ်သော "ကွဲပြားမှုများတွင်စည်းလုံးညီညွတ်ခြင်း" ရှိသည်။ "အများအပြားဖြစ်နေသော်လည်းတစ်ခုတည်းဖြစ်သည်" သည် နိုင်ငံကို ပုံဖော်နေသည့် ကွဲပြားမှုများကို ဖော်ပြလျက် ရှိသည်။ အင်ဒိုနီးရှားအတွင်း ရွှေ့ပြောင်းနေထိုင်မှုများကြောင့် (အစိုးရ၏ နိုင်ငံကူးပြောင်းရေးအစီအစဉ်များ ၏ တစ်စိတ်တစ်ပိုင်းအနေနှင့် သို့မဟုတ် တစ်ခြားအနေဖြင့်) လူမျိုးစုတို့၏ လူဦးရေအများအပြားသည် သူတို့၏ ထုံးတမ်းစဉ်လာဒေသများ ပြင်ပတွင် နေထိုင်နေရသည်။ အင်ဒိုနီးရှား၏ လေးယောက်မြောက်သမ္မတ Abdurrahman Wahid (အဗ္ဗဒူရာမန်ဝါဟဒ်) ၁၉၉၉ တွင် အာဏာရပြီး မကြာမီတွင် လူမျိုးများဆက်ဆံရေး တိုးတက်လာစေရန် အချို့သော ဖိအားပေးနေသည့်ခွဲခြားမှုဆိုင်ရာဥပဒေများကို အလျင်အမြန် ပယ်ဖျက်ခဲ့သည်။ တရုတ်မျိုးနွယ် အင်ဒိုနီးရှားလူမျိုး တို့မှာ ပြန်လည်ရှာဖွေတွေ့ရှိမှု ခေတ်သို့ရောက်ရှိနေကြသည်။ ရှေးဆယ်စုနှစ်များစွာမှ တားမြစ်ထား မှုကြောင့် တရုတ်စကားမပြောနိုင်သော လူငယ်မျိုးဆက်သစ်များမှာ နိုင်ငံအဝှမ်းတွင် သင်ကြားမှုစင်တာများ ဖွင့်လာ သဖြင့် တရုတ်စာသင်ရန် ရွေးချယ်ကြသည်။ Maluku (မလုကု) ရှိ Ambon (အမ်ဘွန်) သည် ၁၉၉၉နှင့်၂၀၀၂ အကြား Maluku (မလုကုကျွန်းများ) ကို ဆုပ်ကိုင်ထားသော ခရစ်ယာန် နှင့် မွတ်စလင် အုပ်စုများ အကြားတွင် အဆိုးဆုံး အကြမ်းဖက်မှုအချို့ ဖြစ်ပွားခဲ့သောနေရာ ဖြစ်သည်။

မလေးရှား[ပြင်ဆင်ရန်]

မလေးရှား သည် လူမျိုးပေါင်းစုံနေသည့် နိုင်ငံဖြစ်သည်။ မလေးလူမျိုးများ မှာ အများစုဖြစ်ပြီး လူဦးရေ၏ ၅၂% နီးပါး ရှိသည်။ လူဦးရေ၏ ၃၀%ခန့်မှာ တရုတ်မျိုးနွယ်မလေးရှားလူမျိုးများ ဖြစ်သည်။ အိန္ဒိယမျိုးနွယ် မလေးရှားလူမျိုး တို့မှာ လူဦးရေ၏ ၈%ခန့် ရှိသည်။ ကျန်သော ၁၀% တွင် -

  • ဒေသခံ အရှေ့ပိုင်းမလေးလူမျိုးများ - အမည်အားဖြင့် Bajau (ဘေဂျူး)၊ Bidayuh (ဘီဒါယု)၊ Dusun (ဒူစွန်)၊ Iban (အီဘန်)၊ Kadazan (ကါဒါဇန်)၊ Melanau (မီလာနော်)၊ Orang Ulu (အိုရန်ဂူလူ)၊ Sarawakian Malays (စာရာဝါကီရန်မလေးများ) စသဖြင့်
  • Orang Asli (အိုရန်အက်စ်လီ) နှင့် Siamese (ထိုင်း) လူမျိုးများကဲ့သို့ အခြား မလေး Peninsular (ပင်နီစူလား) ကျွန်းဆွယ် ရှိ ဒေသခံမျိုးနွယ်စုများ နှင့်
  • Chettiars (ချက်တီရာ)၊ Peranakan (ပီရာနာကန်) နှင့် ပေါ်တူဂီတို့ကဲ့သို့ မလေး Peninsular (ပင်နီစူလား) ကျွန်းဆွယ်ရှိ ဒေသခံ မဟုတ်သော မျိုးနွယ်စုများ

မလေး Peninsular (ပင်နီစူလား) ကျွန်းဆွယ် တွင် လူမျိုးနှင့် ကိုးကွယ်မှု ပေါင်းစပ်ဖွဲ့စည်းပုံကို လွှမ်းမိုးသော အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး ဆက်သွယ်မှုများသည် ကာလအတန်ကြာရှိခဲ့သည်။ ၁၈ ရာစု မတိုင်ခင်က မလေးလူမျိုး များ အများစုလွှမ်းမိုးသော်လည်း ဗြိတိသျှတို့မှ စက်မှုလုပ်ငန်းအသစ်များ မိတ်ဆက်မှုပြုခြင်း နှင့် တရုတ် နှင့် အိန္ဒိယ အလုပ်သမားများတို့ ရောက်ရှိလာခြင်း အချိန်မှစ၍ လူမျိုးပေါင်းစပ်ဖွဲ့စည်းပုံသည် တဖြည်းဖြည်း ပြောင်းလဲ လာသည်။ ဗြိတိသျှပိုင်မလေးကျွန်းဆွယ် တွင်းရှိ Penang (ပီနန်)၊ Malacca (မလက်ကာ)နှင့် စင်ကာပူ ကဲ့သို့ ဒေသများစွာမှာ တရုတ်တို့ လွှမ်းမိုးလာသည်။ ပြောင်းရွှေ့ဝင်ရောက်နေထိုင်မှုကြောင့် မလေးလူမျိုးတို့၏ ဒေသတွင်း နေမှု၊ ဖွားမှု၊ သေမှုစာရင်းများ၊ လေ့လာမှုများနှင့် ယဉ်ကျေးမှုအဆင့်အတန်းများကို ထိခိုက်သည်ကို ဘေးဖယ် ထားလျှင် လူမျိုးသုံးခုအကြား အတူတကွတည်ရှိနေထိုင်ခြင်း (အခြားသော အနည်းစုများပါ ပါဝင်၍) သည် အလွန် ငြိမ်းချမ်းမှု ရှိခဲ့သည်။

Malaya (မလယာ) ပြည်ထောင်စု လွတ်လပ်ရေး မရမီတွင် လူမှုရေးဆိုင်ရာသဘောတူညီမှု တစ်ခုအား လူမှုအခင်း အကျင်းအသစ်ပေါ်တွင် အခြေခံ၍ ညှိနှိုင်းမှု ပြုလုပ်ခဲ့သည်။ ထိုသဘောတူညီမှုအား ထင်ဟပ်မှုပြုခြင်းဖြင့် ၁၉၅၇ Malayan (မလယန်) အခြေခံဥပဒေနှင့် ၁၉၆၃ မလေးရှား အခြေခံဥပဒေ တို့မှ ဝင်ရောက်ပြောင်းရွှေ့လာသော အုပ်စုများအား နိုင်ငံသားခံယူခွင့်ပေးပြီး မလေးလူမျိုးတို့၏ အထူးအခွင့်အရေးများအား အာမခံပေးမည် ဟု ဖော်ပြခဲ့ သည်။ ယင်းမှာ Bumiputra (ဘူမိပူတရာ) မူဝါဒသို့ ရည်ညွှန်းလေ့ရှိသည်။ထို လူမျိုးအများဆိုင်ရာ မူဝါဒများမှာ မလေးတို့၏အခွင့်အရေးများ ပျက်စီးခံရလာမည်ကို ဆန့်ကျင်သော လူမျိုးရေးဝါဒီ ရှိသော မလေးပါတီများ၏ ဖိအားပေးခြင်းကို ခံရသည်။ ထိုအကြောင်းရပ်မှာ တစ်ခါတစ်ရံ အငြင်းပွားဖွယ် မလေးရှားရှိ ကိုးကွယ်မှုဆိုင်ရာ လွတ်လပ်မှုအခြေအနေ နှင့် ဆက်နွယ်လာသည်။

ဖိလစ်ပိုင်[ပြင်ဆင်ရန်]

ဖိလစ်ပိုင် သည် ကမ္ဘာပေါ်တွင် ၈ ခု မြောက်လူမျိုးပေါင်းစုံနေမှု အများဆုံးနိုင်ငံဖြစ်သည်။[69] ထင်ရှားသော အများ စုဖြစ်သည့် တိုင်းရင်းသားလူမျိုးအုပ်စုများ ၁၀ ခုရှိပြီး အဓိကအားဖြင့် Bicolano (ဘီကိုလာနို)၊ Ibanag (အီဘာနဂ်)၊ Ilocano (အီလိုကာနို)၊ Ivatan (အီဗာတန်)၊Kapampangan (ကပမ်ပန်ဂန်)၊ Moro (မိုရို)၊ Pangasinense (ပန်ဂါစင်းနီးစ်)၊ Sambal (ဆမ်ဘယ်)၊ Tagalog (တာဂါလော့ဂ် ) နှင့် Visayan (ဗီစာရန်) တို့ဖြစ်သည်။ ဖိလစ်ပိုင်တွင် Badjao (ဘဒ်ဂျာအို)၊ Igorot (အီဂိုရော့တ်)၊ Lumad (လူမတ်ဒ်)၊ Mangyan (မန်ဂျန်း) နှင့် Negritos (နီဂရိတို) တို့ကဲ့သို့ များစွာသော မူရင်းမဟုတ်သည့် လူမျိုးများ လည်းရှိသည်။ နိုင်ငံတွင် အတော်များသော အမေရိကန်၊ အာရပ်၊ တရုတ်၊ အိန္ဒိယ နှင့် စပိန်ဘာသာပြောသော လက်တင်အမေရိကနိုင်ငံသား မျိုးနွယ် နှင့် အခြားသောနိုင်ငံများမှ အခြားလူမျိုးများဆိုင်ရာ လူအဖွဲ့အစည်းများလည်းရှိသည်။ ဖိလစ်ပိုင် အစိုးရတွင် နိုင်ငံ၏ လူမျိုးကွဲပြားမှုအား ထောက်ပံ့ သော၊ ထိန်းသိမ်းသော အစီအစဉ်များစွာ ရှိသည်။

စင်ကာပူ[ပြင်ဆင်ရန်]

အင်္ဂလိပ် အပြင် စင်ကာပူတွင် အခြားသော ဘာသာစကား သုံးမျိုး ဖြစ်သည့် မန်ဒရင်းတရုတ်၊ တမီးလ် နှင့် မလေး စကားတို့အား တရားဝင် ဘာသာစကားများအဖြစ် အသိအမှတ်ပြုပြီး မလေးစကားမှာ အမျိုးသားစကား ဖြစ်သည်။ ဘာသာစကားမျိုးစုံ ပြောသည့် နိုင်ငံဖြစ်သည့်အပြင် စင်ကာပူသည် ထိုလူမျိုး ပတ်ဝန်းကျင်တို့မှ ကျင်းပသော ရိုးရာ ပွဲတော်များကိုလည်း အသိအမှတ်ပြုသည်။

စင်ကာပူတွင် ဗြိတိသျှတို့ အုပ်စိုးစဉ်အတွင်း လူဦးရေအများအပြားပါဝင်သော လူမျိုးစုများတည်ရှိရာနယ်မြေများ အဖြစ် တရုတ်တန်း၊ Geylang (ဂေလန်း) နှင့် အိန္ဒိယငယ် တို့ရှိသည်။ လက်ရှိ(၂၀၁၀) တွင် ကိုလိုနီလူမျိုးအကြွင်းအကျန်များ ထူထပ်ခြင်းရှိနေသေးသော်လည်း အိန္ဒိယ/အခြားသောလူမျိုးများအတွက် အများဆုံး ၁၀% နှင့်၁၃%၊ မလေးလူမျိုးများ အတွက်အများဆုံး ၂၂% ၊ တရုတ်တို့အတွက်အများဆုံး ၂၅%၊ လူမျိုးစုတို့ထားရှိမှုအမြင့်ဆုံးအဖြစ် အိမ်နီးနားဝန်းကျင် အတွက်အများဆုံး ၈၄%နှင့် အကွက်တစ်ခုအတွက်အများဆုံး ၈၇% အသီးသီးသတ်မှတ်ထားသည့် စင်ကာပူရှိ အိမ်ရာ များသည် လူမျိုးများပေါင်းစည်းခြင်းမူဝါဒ ဖြင့်ထိန်းချုပ်သည်။