ရေဆေးခြယ်နည်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ရေဆေးခြယ်နည်း[ပြင်ဆင်ရန်]

ပန်းချီဆေးရေးအတတ်တွင် နည်းစံနစ်အမျိုးမျိုးရှိရာ ရေ ဆေးဖြင့် ရေးဆွဲသည့်နည်းလည်း တစ်ခုအပါအဝင် ဖြစ်၏။ သို့သော် ရေဆေးသည် ရေးဆွဲရာတွင် မြန်မြန် ခြောက်သွေ့ လွယ်သဖြင့် လိုနေသည့် နေရာကို ပြုပြင်ရန် အခက်အခဲ တွေ့ရလေသည်။ ထိုပြင် ရေဆေး၏ အခြားချွတ်ယွင်းချက် တစ်ခုမှာ ဆီဆေးလောက် အရောင်မတောက်သည့်ပြင် မြန်မြန် မှိန်လွယ်ခြင်းပင် ဖြစ်သည်။ ပန်းချီဆရာသည် ပန်းချီကားတွင် အလင်းရောင် များများသွင်းလိုသောအခါ ရေဆေးကို အသုံးပြုရ စမြဲ ဖြစ်သည်။

ရေဆေးသည် ဆီဆေးလောက် သုံးရာ၌ မလွယ်ကူသော် လည်း ပန်းချီပညာ သင်ခါစလူငယ်များသည် ရေဆေးဖြင့် ရှေးဦးစွာ သင်ယူကြရသည်။ အဘယ်ကြောင့်ဆိုသော် ရေဆေး သည် စရိတ်ကုန်သက်သာသောကြောင့် စုတ်တံနှင့် ဆေးခြယ် ပေးရာတွင် အလေ့အကျင့်များများ လုပ်နိုင်သည်။ စာသင် ကျောင်းများတွင် ပုံဆွဲဆရာတို့က ကျောင်းသားကျောင်းသူများ ကို ပုံဆွဲအတတ် သင်ပေးသည့်အခါ ရေဆေးကို အသုံးမခိုင်းမီ ရောင်စုံခဲတံ၊ ရောင်စုံမြေဖြူ စသည်တို့ကို ရှေးဦးစွာ အသုံးပြု စေတတ်ကြသည်။

ရေဆေးသည် များသောအားဖြင့် အရည်မဟုတ်၊ အရောင် အမျိုးမျိုးရှိသောဆေးခဲများဖြစ်၍ ဆေးရောင်မြဲစေရန် ကော်ရည် နှင့် ရောစပ်ထားသည်။ ရေးဆွဲသူသည် စုတ်တံကို ရေထဲ၌ နှစ်ပြီးနောက် ရေကို အနည်းငယ် ခါချပြီးလျှင် လိုသော အရောင်ရှိသည့် ဆေးခဲပေါ်တွင် သုတ်လိမ်း၍ စက္ကူပေါ်တွင် ရေးခြယ်ရသည်။

ရေးဆေးသည် ရေးရခက်သဖြင့် ပန်းချီဆရာတိုင်း နိုင်နိုင် နင်းနင်း မရေးဆွဲနိုင်ကြချေ။ အချို့သော ကမ္ဘာကျော် ပန်းချီ ကားကြီးများမှာ ရေဆေးဖြင့် ရေးခြယ်ထားသော ပန်းချီကား များပင် ဖြစ်သည်။

အီဂျစ်၊ တရုတ်၊ ဂရိ စသည့် ရှေးကျသော နိုင်ငံများတွင် ရေဆေးကို ရှေးပဝေဏီကပင် အသုံးပြုလာခဲ့ကြသော်လည်း ၁၇ ရာစုနှစ်လောက်ဆီသို့ ရောက်မှသာ ဗြိတိန် အစရှိသောနိုင်ငံများ တွင် အနှံ့အပြား အသုံးများလာခဲ့လေသည်။ကမ္ဘာတွင် ထင်ရှား ခဲ့သော ရေဆေးပန်းချီဆရာကြီးများအနက် အချို့တို့မှာ ရမ်း ဗရန့်၊ ရူးဗင်၊ ဒျူရာ၊ ဂီယာတင်၊ တားနား စသည်တို့ ဖြစ်ကြ လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)